အခမ်းနားဆုံးး မုသားများ
သူဌေးအိမ်မှာ အိမ်ဖော်လုပ်နေတဲ့ကောင်မလေးကို နယ်ကသူ့အမေက ဖုန်းဆက်ရင်းမေးတယ် သမီးလေးအလုပ်လုပ်ရအဆင်ပြေရဲ့လားး??
“ဟုတ်ကဲ့အမေ သမီးအဆင်ပြေပါတယ် သူဌေးလင်မယားကလဲ သဘောအရမ်းကောင်းကြတယ်”တဲ့
သူဌေးကတော် ခေါက်လို့ဖူးနေတဲ့ ခေါင်းလေးကိုပွတ်ရင်းဖြေတယ်
“မောင်တိုးရေ မင်းအမေဖုန်းဆက်တယ်လာပြောလိုပ်ဦး”
စားပွဲထိုးလေးမောင်တိုးဆေးလက်စပန်းကန်တွေပစ်ချပီးပြေးသွားတယ်”သား လူလေး နေကောင်းလား အဆင်ပြေလားသားလေး”
“အင်းးးအမေ ပြေတယ် စားသောက်ဆိုင်ဆိုတော့မုန့်တွေလဲများကြီးစားရတယ်အမေရဲ့”
မနက်ကတည်းက ဘာမှမစားရသေးလို့တဂွီဂွီမြည်နေတဲ့ ဗိုက်ကအသံ အမေကြားသွားမလားလို့တော့ စိုးရိမ်မိသားး
“ဟျောင့်းးးးဖိုးးဇော် တပ်ရင်းအဝမှာ မင်းအဖေဧည့်တွေ့လာတယ် သွားလိုက်ဦးး”
ရဲဘော်လေးဖိုးဇော် အိပ်ယာအောက်ကိုလှန်သတင်းစာလေးနဲ့ ကျစ်ကျစ် ပါအောင် ထုတ်ပီးဖွက်ထားတဲ့ လစာ တစ်သိန်းကိုယူပီး တပ်ရင်းဝက သူ့အဖေဆီပြေးးတယ်
“သားးဖိုးဇော် အဆင်ပြေရဲ့လားးကွ ဒီမှာမင်းစားဖို့မင်း အမေဟင်းဘူးတွေထည့်ပေးလိုက်တယ်”
“ဟာ အေဖကလဲ မလိုပါဖူး အေဖတို့စားဖို့ပြန်ယူသွား သားဒီမှာအဆင်ပြေတယ် ဒီလလစာကျန် တစ်သိန်းတောင် အဖေတို့ကိုသားကန်တော့နိုင်မယ်
အဖေ့လက် လစာလေးအပ် အဲ့နားမြေကြီးထဲတင် ဒူးလေးထောက် ထိုင်ကန်တော့
“သားးးးမင်းသုံးဖို့ရော ရှိရဲ့လားကွာ ပြန်ယူထားပါလား”
“ရပါတယ် အဖေရာ သားအတွက်က ဘာမှပူစရာမရှိပါဖူး အစစအရာရာအဆင်ပြေပါတယ်”
အဖေ့ရဲ့အပြုံးးတွေအောက် နေ့တိုင်းစားနေရတဲ့ ပဲရည်ကျဲဟင်းနဲ့ ကြက်ဥရေလုံပြုတ်က ပိုပီးအားရှိစေခဲ့တယ်
လိမ်ညာခြင်းဟာမကောင်းကြောင်း လောကနီတိတွေ ကိုသင်ပီးပြန်လာတဲ့ ကျောင်းဆရာမလေးးမိုးချုပ်လို့ အိမ်နဲ့ phပြောတဲ့အခါဗွက်တောထဲ လမ်းလျှောက်သွားရတဲ့ ဒုက္ခတွေမသိတော့ဖူး
အိမ်ပို့ဖို့ လစာမကျန်မှာစိုးလို့ အသီးရွက်ကြော်နဲ့ဘဲဥပဲ အမြဲစားနေရတဲ့ ဒုက္ခတွေ မရှိတော့ဖူးး
နယ်မြေက မငြိမ်းချမ်းလို့ ကျီးလန့်စာစားနေနေရတဲ့ သောကတွေ ကိုမေ့ပီးအဆင်ပြေပါတယ် အမေလို့ ညာမိပြန်တယ်
ဘဝမှာ လူတကာကို အကြိမ်ကြိမ် ညာဖူးလိမ်ဖူးကြပေမယ့်အဝေးရောက်သားသမီးတွေရဲ့ ကိုယ့်ရဲ့လက်တလောဒုက္ခတွေ သောကတွေကိုမေ့ပီးမိဘတွေစိတ်ချမ်းသာဖို့အတွက်
“အဆင်ပြေပါတယ် အဖေ””အဆင်ပြေပါတယ် အမေ” လို့ ညာရတဲ့အချိန်တွေက အခမ်းးနားဆုံးးနဲ့ ကျေနပ်ရဆုံးအချိန်တွေပါပဲ
(အဝေးရောက် သားသမီးများသာ နားလည်မည်) Credit
0 Comments:
Post a Comment