စိတ်ဓာတ်ကျတဲ့အခါတိုင်းဖတ်ဖို့

စိတ်ဓာတ်ကျတဲ့အခါတိုင်းဖတ်ဖို့

 စိတ်ဓာတ်တွေအရမ်းကျတဲ့အချိန်ရှိဖူးလား။ ဒါမှမဟုတ် အခုရှိနေလား။ အရမ်းကို ခက်ခဲကြမ်းတမ်းတဲ့အချိန်ပေါ့။ တစ်လောကလုံးမှာ ကိုယ်တစ်ယောက်တည်းများ ကံဆိုးမှုတွေအကုန်ကျရောက်နေသလား ထင်ရလောက်တဲ့အချိန်တွေပေါ့။တစ်ယောက်တည်းလို့ ခံစားရတဲ့ခံစားချက်နဲ့ မငိုဖြစ်ဖို့ အားတင်းထားရတဲ့အချိန်တွေ။

အခန်းလေးထဲမှာ ကိုယ်တစ်ယောက်တည်းနေချင်တဲ့အချိန်တွေပေါ့။ တစ်ယောက်ယောက်ကိုပြောပြလိုက်ချင်ပေမယ့် အရေးတယူလုပ်ခံရမှာမဟုတ်မှန်းသေချာတဲ့အခါ ဘယ်သူ့ကိုမှ မပြောဖြစ်တော့ဘူး။ ဒါမှမဟုတ် ကိုယ်တကယ်ပြောပြဖို့ ယုံကြည်ရလောက်တဲ့သူမရှိတာလည်းပါတယ်။

ဘယ်နေရာရယ်မသေချာပေမယ့် ဒီနေရာကနေ အဝေးဆုံးကိုထွက်သွားချင်တယ်။ ကိုယ်ဆိုတဲ့တည်ရှိမှု မရှိတော့ရင်ကောင်းမယ်။ မနက်ဖြန်ဆိုတာ မရှိတော့ရင်ကောင်းမယ်လို့ တွေးဖူးတဲ့အချိန်တွေပေါ့။ အဲဒီအချိန် အပြန်ပြန်အလှန်လှန်မေးမိတဲ့မေးခွန်းက “ဘာ့ကြောင့်များလဲ” ဆိုတာပဲ။

၁။ ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။

ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို တိတိပပ မပြောနိုင်ပေမယ့် ဒီလိုတွေခံစားနေရတာ၊ ခံစားခဲ့ဖူးတာက ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။

စိတ်ဓာတ်ကျတာက ချမ်းသာတာ၊ ဆင်းရဲတာ၊ ပညာတတ်တာ၊ မတတ်တာတွေနဲ့ လုံးဝမသက်ဆိုင်ဘူး။

ကျရှုံးလို့ စိတ်ဓာတ်ကျနေတဲ့ သူတွေရှိသလို အောင်မြင်နေတဲ့ သူတွေ မှာလည်း စိတ်ဓာတ်ကျတာပါပဲ။

တကယ်တမ်းပြောရရင် ချမ်းသာတဲ့သူ၊ ပညာတတ်တဲ့သူတွေနဲ့ အောင်မြင်နေတယ်လို့ ထင်ရသူတွေက စိတ်ဓာတ်ကျမှုကို ပိုလို့တောင်ခံစား ရနိုင်သေးတယ်ဆိုတာ ကိုယ့်ဘဝ ကိုယ်နှုတ်ယူသွားတဲ့သူတွေကိုကြည့်ရင် သိမြင်နိုင်ပါလိမ့်မယ်။

အခက်အခဲတွေကြုံနေရတဲ့အချိန် စိတ်ဓာတ်ကျတဲ့အချိန်မှာ ပိုပြင်းထန်တဲ့ရိုက်ခတ်မှုက “ငါတစ်ယောက်တည်းပဲ” ဆိုတဲ့ခံစားချက်ပါ။ လူတိုင်း စိတ်ဓာတ်ကျမှုကို ခံစားရနိုင်ပါတယ်။

အောင်မြင်နေတာနဲ့ ပျော်ရွှင်နေတဲ့ ပုံပေါက်နေတာနဲ့ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုတွေ မရှိဘူးလို့ ကောက်ချက်ချလို့မရနိုင်ပါဘူး။

လောကဓံရဲ့ သက်ရောက်မှုက လူတိုင်းအပေါ်မှာရှိနေပါတယ်။ လူတိုင်းစိတ်ဓာတ်ကျနိုင်ပါတယ်။ ကိုယ်ဟာ ဘယ်တော့မှ တစ်ယောက်တည်းမဟုတ်ပါဘူး။

၂။ ကိုယ်ဘယ်နေရာထိ ရောက်ခဲ့ပြီးပြီလဲဆိုတာကိုကြည့်ပါ။

တောင်တက်ဖူးတဲ့သူတွေဆိုပိုသိပါလိမ့်မယ်။ တောင်တက်တဲ့အခါ အရမ်းပင်ပန်းလွန်းလို့ ရပ်တန့်ပစ်လိုက်ချင်တယ်။

ဒါပေမယ့် တောင်အောက်ကိုပြန်ကြည့်ပြီး ငါ ဒီအထိတောင် တက်လာခဲ့ပြီးပြီပဲဆိုတဲ့စိတ်နဲ့ နောက်ဆုံးမှာ ထိပ်ဆုံးထိရောက်ရှိစေခဲ့ တယ်မလား။

အခုလည်း စိတ်ဓာတ်ကျတဲ့အခါ ကိုယ်စခဲ့ရတဲ့နေရာလေးကို ပြန်ကြည့်ပါ။

ကိုယ်ဟာ ဘယ်လောက်သေးသေး သိမ်သိမ်စခဲ့ရတာလဲ။ ဘယ်လောက်သေးငယ်တဲ့အစက်အပျောက်လေးတစ်ခုကနေ စခဲ့ရတာလဲ။

အခု ကိုယ်ဒီနေရာကိုရောက်လာအောင် နတ်တွေဖန်ဆင်းပေးလိုက်တာမဟုတ်ဘူး။ ကိုယ်တိုင်ကြိုးစားခဲ့ရတာ။ ကိုယ်တိုင်လုပ်ယူခဲ့တာ။

ကိုယ်တိုင်တည်ဆောက်ခဲ့တာ။ ကိုယ်တိုင်ရှေ့ကိုတဖြည်းဖြည်းချင်းတိုးလာခဲ့တာ။ အခုချိန်ကျမှ ဒီလိုအဖြစ်အပျက်လေးတွေက ကိုယ့်ကိုရပ်တန့်စေနိုင်မှာတဲ့လား။

မမေ့ပါနဲ့။ “အရဲရင့်ဆုံး စစ်သူကြီးတွေဟာ တစ်ချိန်တုန်းက အရမ်းကို နုနယ်တဲ့ ကလေးတွေဖြစ်ခဲ့ဖူးကြတယ်” ဆိုတာကို။ဟုတ်ပါဘူး။းခွန်းက “ဘာ့ကြောင့်များလဲ” ဆိုတာပဲ။

၃။ ပြဿနာတိုင်းမှာ အဖြေရှိတယ်။

ဆန်ဖရန်စစ်စကိုတံတားပေါ်ကနေ ခုန်ချပြီး သတ်သေတာမှာ အသက်မသေဘဲ ကယ်တင်လို့ ရလိုက်တဲ့သူတွေကို အင်တာဗျူးတစ်ခုလုပ်တာမှာ သိလိုက်ရတာတစ်ခုက သူတို့ခုန်ချ လိုက်တဲ့ အချိန် ရေပြင်ကိုမရောက်သေး တဲ့အချိန်မှာ ရုတ်တရက်ပေါ်လာ တဲ့သိမြင်မှုက သူတို့ဘဝမှာ လက်ရှိကြုံနေရတဲ့ပြဿနာမှန်သမျှဟာ ဖြေရှင်းလုိ့ရနိုင်တယ်ဆိုတာပါပဲတဲ့။ သိပ်ကိုစိတ်မကောင်းစရာကောင်းတဲ့ဖြစ်ရပ်ပါ။ လူတွေဟာ စိတ်ဓာတ်ကျတဲ့အခါ ပြဿနာတွေနဲ့ ကြုံတွေ့ရတဲ့အခါ ဖြေရှင်းလို့မရတော့ဘူးလို့ တွေးကြတယ်။ ဒါဟာ အဆိုးရွားဆုံးပဲလို့ တွေးကြတယ်။ ဝမ်းနည်းပူဆွေးကြတယ်။ နောက်ဆုံးမှာကိုယ့်အသက်ကိုယ်နှုတ်ယူတဲ့နည်းလမ်းကိုတောင် သုံးဖို့စဉ်းစားကြတယ်။ အမှန်တကယ်တော့ ပြဿနာတွေအခက်အခဲတွေက လူကြောင့်ဖြစ်လာသလို ဖြေရှင်းနိုင်တာလည်း ဒီလူပါပဲ။ အသက်ရှင်နေသ၍ ကိုယ်ရပ်တည်နေသမျှ ဘယ်လိုပြဿနာမျိုးကိုမဆို ကိုယ်ဟာ ရင်ဆိုင်ဖြေရှင်းနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။ ဖြေရှင်းလို့မရတဲ့ ပြဿနာဆိုတာမရှိပါဘူး။ ကိုယ်သေချာကိုင်တွယ်လိုက်ရင် အဆုံးသတ်မှာ ပြေလည်သွားကြတာပါပဲ။

၄။ ကိုယ့်ကိုဂရုစိုက်ကြပါတယ်။

စိတ်ဓာတ်ကျတဲ့အခါ ဝမ်းနည်းနေတဲ့အခါမှာ ကိုယ့်အနီးအနားမှာ ဘယ်သူမှမရှိဘူး။ ကိုယ့်ကိုဘယ်သူမှ ဂရုမစိုက်ဘူးလို့ ထင်တတ်ကြတယ်။

အမှန်တကယ်တော့ ကိုယ်ထင်တာထက် ကိုယ့်အနီးအနားက လူတွေက ကိုယ့်အပေါ်မှာ ဂရုတစိုက်ရှိကြပါတယ်။ ချစ်ခင်မြတ်နိုးကြပါတယ်။

ကျွန်တော်တို့ဟာ အချစ်ခံကြရပါတယ်။ ကိုယ်အချစ်ခံရတယ်ဆိုတာကို သတိမမူမိတာပါ။ ကိုယ့်ဘက်က ဆက်သွယ်ပြောဆိုတာမလုပ်တဲ့အခါ သူတို့လည်း ဘယ်သိနိုင်ပါ့မလဲ။

အကြားအမြင်ရနေကြတဲ့သူတွေမဟုတ်ဘူးလေ။ ကိုယ့်ဘက်က အကူအညီတောင်းတဲ့အခါ လှိုက်လှိုက်လှဲလှဲ အကူအညီပေး နွေးထွေးပေးကြမယ့်သူတွေအများကြီးပါ။

၅။ တချို့လူတွေကိုရှောင်ပါ။

ဘဝထဲမှာရှိတဲ့တချို့လူတွေကတော့ ကိုယ့်ကိုယ်စိတ်ဓာတ်ကျစေတဲ့သူတွေနဲ့နေတတ်ကြတယ်။

အချို့လူတွေကအဆိပ်အတောက်တွေနဲ့ ပြည့်နှက်နေတဲ့သူတွေဖြစ်နေတတ်တယ် အဲဒီလိုလူတွေကိုတော့ ရှောင်ဖို့ အကြံပေးချင်တယ်။

ကိုယ့်အပေါ် ဘာကောင်းရာကောင်းကျိုးမှမပေးဘဲ စိတ်မချမ်းမြေ့မှုတွေကိုပဲ ပေးနေတယ်ဆိုရင်တော့ ရှောင်လိုက်တာက အကောင်းဆုံးဖြစ်မှာပါ။

ဒေါက်တာသူရိန်လှိုင်ဝင်း

Credit - celegroup

ကိုယ့်ရဲ့ဘဝကိုပိုကောင်းဖို့အတွက်ပြောင်းလဲမှုတွေဘယ်လိုစတင်မလဲ

ဒီဆောင်းပါးလေးကတော့ကိုယ့်ရဲ့ဘဝကိုပြောင်းလဲမှုတွေလုပ်ဆောင်ချင်ပြီး ပိုကောင်းတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့ကြိုးစားနေတဲ့သူတွေအတွက် အကျိုးရှိစေမယ့်ဆောင်းပါးလေးဖြစ်ပါတယ်။

၁။အကောင်းမြင်စိတ်နဲ့ သင်ယူပါ

အကောင်းမြင်စိတ်ရှိခြင်းဟာကိုယ့်အတွက်အကျိုးကျေးဇူးများစေတဲ့ အကောင်းဆုံးအလေ့အကျင့်တွေထဲက တစ်ခုဖြစ်ပါတယ်။

ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေဆိုတာ လူတိုင်းကြုံတွေ့ဖူးသလို လူတိုင်းလည်း ရှောင်လွှဲလို့မရနိုင်တဲ့ အရာတစ်ခုပါ။

ဒါပေမယ့် အဲ့ဒီအခက်အခဲတွေအတွက် အကောင်းဆုံးဖြေရှင်းချက်ဟာ သင်အဲ့ဒီအခက်အခဲကို အပြုံးနဲ့ ရင်ဆိုင်တဲ့အခါမှ ပေါ်ထွက်လာတတ်ပါတယ်။

ဒါကြောင့် ဘယ်ပြဿနာနဲ့ရင်ဆိုင်ရသည်ဖြစ်စေ ပြဿနာကို အကောင်းမြင်စိတ်နဲ့ကြည့်ပြီး ဘာတွေသင်ယူနိုင်မလဲ၊ ဒီပြဿနာကို အခွင့်အရေးအဖြစ် ဘယ်လိုပြောင်းမလဲဆိုတာကိုပဲ စဉ်းစားသင့်ပါတယ်။

၂။ဖြည်းဖြည်းနဲ့မှန်မှန်ကြိုးစားပါ။

ကိုယ့်ကိုယ်ကို တိုးတက်အောင်ပြုပြင်ပြောင်းလဲမယ်လို့ ဆုံးဖြတ်ချက်ချရတာ အလွန်ကောင်းပါတယ်။

သို့သော်လည်း ဆုံးဖြတ်ထားတဲ့အတိုင်း အသည်းအသန်ပြုပြင်ပြောင်းလဲဖို့ဆိုတာ တွေးကြည့်လိုက်ရင် စိတ်မောစရာကောင်းတတ်ပါတယ်။

ဒီလိုမဖြစ်အောင်ကိုယ်ဆုံးဖြတ်ထားတဲ့ဦးတည်ရာကို နေ့စဉ်တစ်လှမ်းချင်းစီ လှမ်းသွားခြင်းပါ။

တစ်နေ့ကို တိုးတက်ရာတိုးတက်ကြောင်း တစ်ခုလောက် နေ့စဉ်လုပ်ဆောင်သွားမယ်ဆိုရင်လည်း အချိန်ကာလတစ်ခုအကြာမှာ ကိုယ်လိုချင်တဲ့ပုံစံအတိုင်း တိုးတက်ပြောင်းလဲလာပါလိမ့်မယ်။

၃။မိမိကိုယ်ကိုယ်ကိုဆန်းစစ်ပါ။

ကိုယ်ကလူငယ်တယောက်ဖြစ်တဲ့အတွက်စီးပွားရေးလုပ်ငန်းတစ်ခုစတင်မလုပ်ကိုင်ခင် အောင်မြင်ဖို့အတွက်ဘယ်လုပ်ငန်းကိုလုပ်ကိုင်ရမလဲဆိုတာကိုသေချာဆုံးဖြတ်ပါ။

ကိုယ့်ရဲ့အားနည်းချက်တွေ အားသာချက်တွေကိုသေချာသိမြင်ပါ။မိမိရဲ့ဗဟုသုတတွေ အတွေ့အကြုံတွေ မိမိရဲ့စွမ်းရည်တွေ နှစ်သက်မှုတွေ ကြံ့ကြ့ခံနိုင်မှုတွေကောဆန်းစစ်ပါ။

သင်လုပ်မယ်လို့ရွေးချယ်ထားတဲ့အလုပ်နဲ့ပတ်သတ်လို့ဗဟုသုတကော အတွေ့အကြုံကောရှိရဲ့လား၊ သင့်လုပ်ငန်းကျရှုံးမှု ၊ခက်ခဲမှုတွေနဲ့ရင်းနှီးနိုင်ပါ့မလားဒါတွေစဉ်းစားပြီးရင်တော့ကိုယ့်မှာရှိတဲ့ငွေအရင်းနှီးလေးနဲ့စီးပွားရေးလုပ်ငန်းတခုစတင်ပါ။

၄။တီထွင်ဖန်တီးမှုတွေလုပ်နိုင်ဖို့အချိန်ပေးပါ

သင်အလုပ်မသွားခင် ဒါမှမဟုတ် သင်ကျောင်းမသွားခင်ကိုယ့်စိတ်ကိုမြှင့်တင်ဖို့အချိန်ခဏလေးပေးပါ။ကိုယ့်ရဲ့အချိန်ဇယားအတိုင်းကျောင်းသွား ဒါမှမဟုတ် အလုပ်လုပ်ပါ။

လမ်းပုံမှန်လျှောက်ပေးပါ။ဆိတ်ငြိမ်တဲ့နေရာမှာစာဖတ်ပါ။အမြဲတတ်ကြွနေပါ။တနေရာထဲမှာတစ်နာရီထက်ပိုပြီးထိုင်မနေပါနဲ့။တနေ့ကိုမိနစ်၃၀လောက်အားကစားလေ့ကျင့်ခန်းပြုလုပ်ပါ။

ဒီလိုလုပ်ခြင်းက ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေးနှခုလုံးကောင်းပါတယ်။လမ်းလျှောက်ခြင်းဟာသင့်ရဲ့တွေးခေါ်မှုကိုမြင့်တတ်စေပြီးပိုပြီးတီထွင်ဆန်းသစ်နိုင်မှုစွမ်းရည်ကိုရရှိစေပါတယ်။

၅။ကြိုးစားပြီးစတင်ပါ။

ဘဝမှာ ပြောင်းလဲမှုတွေလုပ်ဆောင်ချင်တဲ့အခါမျိုးမှာ များသောအားဖြင့် စတင်ဖို့ကအခက်ခဲဆုံးအဆင့် ဖြစ်နိုင်ပါတယ်။

ဒါပေမယ့်လည်း တစ်စုံတစ်ရာကို စတင်လိုက်နိုင်ပြီဆိုရင် ဘယ်လောက်ခက်ခဲတဲ့ အရာဖြစ်ပါစေ တစ်ဝက်လောက် ခရီးရောက်ပြီလို့ ဆိုကြပါတယ်။

ဒါကြောင့် အခက်ခဲဆုံးအဆင့်ဖြစ်တဲ့ စတင်ဖို့အတွက်ကိုကြိုးစားပြီးလုပ်ဆောင်ပါ။အဒီအတွက်အရင်ထက်အစပေါင်းများစွာကြိုးစားဆောင်ရွက်မှုတွေလုပ်ဖို့လိုအပ်ပါတယ်။

အားလုံးပဲအနာဂတ်မှာအောင်မြင်ကြီးပွါးတိုးတက်ပါစေ

Credit - Celegroup

အခမ်းနားဆုံး မုသားများ

 အခမ်းနားဆုံးး မုသားများ

သူဌေးအိမ်မှာ အိမ်ဖော်လုပ်နေတဲ့ကောင်မလေးကို နယ်ကသူ့အမေက ဖုန်းဆက်ရင်းမေးတယ် သမီးလေးအလုပ်လုပ်ရအဆင်ပြေရဲ့လားး??

“ဟုတ်ကဲ့အမေ သမီးအဆင်ပြေပါတယ် သူဌေးလင်မယားကလဲ သဘောအရမ်းကောင်းကြတယ်”တဲ့

သူဌေးကတော် ခေါက်လို့ဖူးနေတဲ့ ခေါင်းလေးကိုပွတ်ရင်းဖြေတယ်

“မောင်တိုးရေ မင်းအမေဖုန်းဆက်တယ်လာပြောလိုပ်ဦး”

စားပွဲထိုးလေးမောင်တိုးဆေးလက်စပန်းကန်တွေပစ်ချပီးပြေးသွားတယ်”သား လူလေး နေကောင်းလား အဆင်ပြေလားသားလေး”

“အင်းးးအမေ ပြေတယ် စားသောက်ဆိုင်ဆိုတော့မုန့်တွေလဲများကြီးစားရတယ်အမေရဲ့”

မနက်ကတည်းက ဘာမှမစားရသေးလို့တဂွီဂွီမြည်နေတဲ့ ဗိုက်ကအသံ အမေကြားသွားမလားလို့တော့ စိုးရိမ်မိသားး

“ဟျောင့်းးးးဖိုးးဇော် တပ်ရင်းအဝမှာ မင်းအဖေဧည့်တွေ့လာတယ် သွားလိုက်ဦးး”

ရဲဘော်လေးဖိုးဇော် အိပ်ယာအောက်ကိုလှန်သတင်းစာလေးနဲ့ ကျစ်ကျစ် ပါအောင် ထုတ်ပီးဖွက်ထားတဲ့ လစာ တစ်သိန်းကိုယူပီး တပ်ရင်းဝက သူ့အဖေဆီပြေးးတယ်

“သားးဖိုးဇော် အဆင်ပြေရဲ့လားးကွ ဒီမှာမင်းစားဖို့မင်း အမေဟင်းဘူးတွေထည့်ပေးလိုက်တယ်”

“ဟာ အေဖကလဲ မလိုပါဖူး အေဖတို့စားဖို့ပြန်ယူသွား သားဒီမှာအဆင်ပြေတယ် ဒီလလစာကျန် တစ်သိန်းတောင် အဖေတို့ကိုသားကန်တော့နိုင်မယ်

အဖေ့လက် လစာလေးအပ် အဲ့နားမြေကြီးထဲတင် ဒူးလေးထောက် ထိုင်ကန်တော့

“သားးးးမင်းသုံးဖို့ရော ရှိရဲ့လားကွာ ပြန်ယူထားပါလား”

“ရပါတယ် အဖေရာ သားအတွက်က ဘာမှပူစရာမရှိပါဖူး အစစအရာရာအဆင်ပြေပါတယ်”

အဖေ့ရဲ့အပြုံးးတွေအောက် နေ့တိုင်းစားနေရတဲ့ ပဲရည်ကျဲဟင်းနဲ့ ကြက်ဥရေလုံပြုတ်က ပိုပီးအားရှိစေခဲ့တယ်

လိမ်ညာခြင်းဟာမကောင်းကြောင်း လောကနီတိတွေ ကိုသင်ပီးပြန်လာတဲ့ ကျောင်းဆရာမလေးးမိုးချုပ်လို့ အိမ်နဲ့ phပြောတဲ့အခါဗွက်တောထဲ လမ်းလျှောက်သွားရတဲ့ ဒုက္ခတွေမသိတော့ဖူး

အိမ်ပို့ဖို့ လစာမကျန်မှာစိုးလို့ အသီးရွက်ကြော်နဲ့ဘဲဥပဲ အမြဲစားနေရတဲ့ ဒုက္ခတွေ မရှိတော့ဖူးး

နယ်မြေက မငြိမ်းချမ်းလို့ ကျီးလန့်စာစားနေနေရတဲ့ သောကတွေ ကိုမေ့ပီးအဆင်ပြေပါတယ် အမေလို့ ညာမိပြန်တယ်

ဘဝမှာ လူတကာကို အကြိမ်ကြိမ် ညာဖူးလိမ်ဖူးကြပေမယ့်အဝေးရောက်သားသမီးတွေရဲ့ ကိုယ့်ရဲ့လက်တလောဒုက္ခတွေ သောကတွေကိုမေ့ပီးမိဘတွေစိတ်ချမ်းသာဖို့အတွက်

“အဆင်ပြေပါတယ် အဖေ””အဆင်ပြေပါတယ် အမေ” လို့ ညာရတဲ့အချိန်တွေက အခမ်းးနားဆုံးးနဲ့ ကျေနပ်ရဆုံးအချိန်တွေပါပဲ

(အဝေးရောက် သားသမီးများသာ နားလည်မည်) Credit

ပိုက်ဆံ ဘယ်လိုစုပါ့မယ် ဗျူဟာလိုပါတယ်

 ပိုက်ဆံ ဘယ်လိုစုပါ့မယ် ဗျူဟာလိုပါတယ်

*********************************

ပိုက်ဆံစုတယ်ဆိုတာ ရည်မှန်းချက်တစ်ခုထားပြီး ရေရှည်တည်ဆောက်ထားသင့်တဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ ငွေကြေးအောင်မြင်မှုမှာ ပိုက်ဆံဘယ်လောက်ဝင်တယ်ဆိုတာထက် ဘယ်လောက်စုနိုင်တယ်ဆိုတာက ပိုအရေးကြီးပါတယ်။ လူတွေက မဝင်သေးတဲ့ပိုက်ဆံကို မျှော်ကိုးပြီး အကြွေးယူတတ်ကြတယ်။ ဒါက အဓိက မှားယွင်းနေတဲ့အချက်ပဲ။ ကျွန်တော်တို့တွေ ပိုက်ဆံစုနေတဲ့အချိန်မှာ ဘယ်လိုဗျူဟာတွေ သုံးရမလဲဆိုတာ အချက်ကျကျတင်ပြချင်ပါတယ်။

၁။ သုံးပြီးမှ မစုလေနဲ့။

လစာထုတ်တာနဲ့ လိုချင်တဲ့ပစ္စည်းတွေကို ဝယ်ပြီးမှ ပိုက်ဆံစုတတ်ကြတယ်။ တကယ်တမ်းတော့ လစဉ်စုဆောင်းမယ့် ပိုက်ဆံပမာဏကို သတ်မှတ်စုဆောင်းပြီးမှသာ လိုအပ်တဲ့အရာတွေကို ဝယ်သင့်ပါတယ်။ လစာထုတ်တာနဲ့ ပထမဆုံးလုပ်ရမှာက စုဆောင်းမယ့်ပိုက်ဆံကို သီးသန့်ချန်ထားသင့်ပါတယ်။

၂။ တံဆိပ်စွဲ မထားလေနဲ့။

ဆယ်သိန်းလောက်ရှိတဲ့ iPhone ဝယ်မယ့်အစား အတန်အသင့်သုံးလို့ကောင်းတဲ့ နှစ်သိန်းတန်စမတ်ဖုန်းတစ်လုံးကို ဝယ်ပြီး ကျန်တဲ့ရှစ်သိန်းကို စုဆောင်းလိုက်တာက ပိုအဓိပ္ပာယ်ရှိပါတယ်။ နာမည်ကြီးတံဆိပ်ရဲ့နောက်မှာ လိုက်နေတာထက် အရည်အသွေးကောင်းတဲ့ပစ္စည်းကို သုံးသင့်တဲ့သဘောပါ။ ဆိုင်ထိုင်မယ်ဆိုရင် နာမည်ကြီးဆိုင်မှာထိုင်တာထက် အစားအသောက်ကောင်းတဲ့ဆိုင်မှာ ထိုင်တာက ပိုအရသာရှိသလို ငွေကုန်လည်း သက်သာစေပါတယ်။

၃။ အသေးအဖွဲလေးတွေကို ဂရုစိုက်ပါ။

အအေးဘူးဝယ်သောက်လိုက်လို့ ငါးရာပဲကုန်တာ တစ်ခါတလေမှာ ဘာမှမဖြစ်ပေမယ့် ကြိမ်ဖန်များလာရင် “ဆိတ်ဖန်များ အနာဖြစ်” တတ်ပါတယ်။ ဥပမာ – စတိုးဆိုင်တွေက ပေးလိုက်တဲ့ ကြွတ်ကြွတ်အိတ်တွေကို လွှင့်မပစ်ဘဲနဲ့ အမှိုက်ထည့်တဲ့အိတ်လုပ်မယ်ဆိုရင် အမှိုက်အိတ်ကုန်ငွေ သက်သာတဲ့သဘောပါ။

၄။ နှစ်ပတ်စောင့်တဲ့ ဗျူဟာသုံးကြည့်ပါ။

ပစ္စည်းတစ်ခု ဝယ်ချင်တယ်ဆိုရင် ချက်ချင်း မဝယ်သေးပါနဲ့ဦး။ နှစ်ပတ်လောက် စောင့်လိုက်ပါ။ နှစ်ပတ်လောက်ကြာတော့မှ ကိုယ်ကလည်း တကယ်လိုချင်တယ်နေတယ်၊ ပစ္စည်းကလည်း လိုအပ်နေတယ်ဆိုတော့မှ ဝယ်လိုက်ပါ။ စောင့်နေတဲ့အတောအတွင်းမှာ တခြားလူဝယ်လို့ ကုန်သွားမှာစိတ်မပူပါနဲ့။ ပိုကောင်းပိုလှတဲ့ ပစ္စည်းတွေ ဆိုင်မှာရောက်နေပါပြီ။

၅။ အင်တာနက် လျော့သုံးပါ။

ကိုယ့်အလုပ်ဟာ အင်တာနက်နဲ့မသက်ဆိုင်ဘူးဆိုရင် တစ်နေ့မှာ တစ်နာရီထက် ပိုမသုံးပါနဲ့။ အင်တာနက်ကို ရိုးရိုးသုံးတာထက်စာရင် 

၆။ လိုအပ်တာလား လိုချင်တာလား။

လူတွေဟာ ကိုယ့်အတွက် တကယ်မလိုအပ်တဲ့ပစ္စည်းတွေကိုမှ လိုချင်နေမိတတ်တယ်။ “မလိုအပ်တဲ့အရာတွေကို ဝယ်မိရင် လိုအပ်တာတွေ ထုတ်ရောင်းရမယ်” ဆိုတဲ့ ဝါရင့်ဘန့်ဖတ်ရဲ့စကားအတိုင်းပဲ ဆန္ဒနောက် မလိုက်မိပါစေနဲ့။

နောက်ဆုံးအရေးကြီးတာက ပိုက်ဆံစုတဲ့အခါမှာ ရည်မှန်းချက်ထားပြီး စုတတ်ဖို့ပဲ။ ရည်မှန်းချက်ထားပြီး ပိုက်ဆံစုတာက ပိုအဓိပ္ပာယ်ရှိသလို ပန်းတိုင်သတ်မှတ်ပြီး လျှောက်လှမ်းတဲ့ဘဝဟာ အနှစ်သာရပြည့်ဝနေတာပေါ့။ ကဲ . . သူငယ်ချင်းတွေ သိရအောင်လည်း ဝေငှပေးလိုက်ဦးနော်။

#Creditဘဝရဲ့ခရီးသည်

အတ္တကြီးလွန်းကြတယ် အမေ

 --- အမေ

လိုရင်ပြုံး
မလိုမုန်းနဲ့
အပြောင်းအလဲ မြန်လွန်းတဲ့လောကထဲ
အတ္တတွေ ကြီးလွန်းကြတယ်အမေ ။
___ အမေ
နောင်ဘဝဆိုတာ စိတ်ကူးထဲတောင်မရှိတော့တဲ့သူတွေဟာ
ငါ တဖို့နဲ့ ငါငါတွေထပ်
ရုံးကန်နေကြတော့
ပစ္စုပ္ပန် သံသရာ
နှစ်ဖြာကြည့်တဲ့သူတွေမှာ
မလာသေးတဲ့သံသရာအတွက်ကြိုတင်ပြင်ဆင်ရင်း
ပစ္စုပ္ပန်မှာတော့ ယောင်ခြောက်ဆယ်နဲ့
ဝေလေလေပေါ့ အမေ ။
____ အမေ
ပစ္စုပ္ပန် သံသရာ အသာထား
အတ္တများတဲ့လူတွေကြား
သားတို့ အဆိပ်သင့် အမှောင်ကျ
ဘဝတွေ ခါးနေရတယ်အမေ ။
အရှင် လက္ခဏ ရွှေကန်မြေဆရာတော်

Hbone Myat Thu Htet Copyright © 2012 Design by Ipietoon Blogger Template